| ဒီကမ္ဘာထဲ နေ့နဲ့ ညနဲ့ လည်ပတ်နေတာ | |
| ဘယ်သူမှ တားလို့မရခင် အကုန်ပြောင်းလဲသွား | |
| ခင်မင်တဲ့ အပေါင်းအသင်းတွေ | |
| ရန်သူလဲ လက်တစ်ဆုပ်စာ | |
| ငါနေထိုင်ရာ ကမ္ဘာကြီးက နွားခြေရာ | |
| ရောင်စုံ အိမ်မက်တို့ တဖြည်းဖြည်း ပြိုလဲနေ | |
| အချိန်တန်ရင် ပြန်ပြီးနိုးထ လက်တွေ့ဘဝထဲ | |
| အရာရာ ဆန်းစစ်ကြည့်ရင် ကြုံမယ် အနိမ့်အမြင့်များသာ | |
| တစ်နေကုန် ငါထိုင်ပြီး ရေးဖြစ်တဲ့ ကဗျာ | |
| ငါပြန်ပြီး မေ့ပစ်မဲ့ အရာ | |
| ကြွေရွတ်ဝါ ဒိုင်ယာရီတွေထဲ ပြန်ပြီးရှာဖွေတဲ့ အခါ | |
| ငါမေ့ပစ်ထားတဲ့ ဟိုးအတိတ်က | |
| အဖြူရောင်စာမျက်နှာ | |
| ဒဏ္ဍရီ မြစ်ချောင်း တိမ်တိုက် တောင်တန်းတွေကြားမှာ | |
| အငြိမ်းချမ်းဆုံးနေရာ တမ်းတရင်းနဲ့ | |
| ဘာမှ မထူးခြားဘူး အဖြစ်အပျက်ဇာတ်လမ်းတွေ | |
| ပြာပုံမီးတိုးရင်း ကျွမ်းလောင်နေသားကျခဲ့ | |
| ရေကြည်လေးတစ်စက်လောက်သာ ငါပင်ပန်းနွမ်းတဲ့အခါ | |
| ရင်ခုန်သံမှန်ဖို့ တောင့်တမိတဲ့အရာ | |
| ငါပြန်ပြီး မရောက်တော့မယ့် ကမ္ဘာ | |
| ကြွေရွတ်ဝါ | |
| ဒိုင်ယာရီတွေထဲ ပြန်ပြီးရှာဖွေတဲ့ အခါ | |
| ငါမေ့ပစ်ထားတဲ့ ဟိုးအတိတ်က | |
| အဖြူရောင်စာမျက်နှာ | |
| ဒဏ္ဍရီ မြစ်ချောင်း တိမ်တိုက် တောင်တန်းတွေကြားမှာ | |
| အငြိမ်းချမ်းဆုံးနေရာ တမ်းတရင်းနဲ့ | |
| ဘာမှ မထူးခြားဘူး အဖြစ်အပျက်ဇာတ်လမ်းတွေ | |
| ပြာပုံမီးတိုးလို့ ကျွမ်းလောင်နေသားကျခဲ့ | |
| ရေကြည်လေးတစ်စက်လောက်သာ ငါပင်ပန်းနွမ်းတဲ့အခါ | |
| ရင်ခုန်သံမှန်ဖို့ တောင့်တမိတဲ့အရာ | |
| ငါပြန်ပြီး မရောက်တော့မယ့် ကမ္ဘာ | |
| ကြွေရွတ်ဝါ | |
| ဒိုင်ယာရီတွေထဲ ပြန်ပြီးရှာဖွေတဲ့ အခါ | |
| ငါမေ့ပစ်ထားတဲ့ ဟိုးအတိတ်က | |
| အဖြူရောင်စာမျက်နှာ | |
| ဒဏ္ဍရီ မြစ်ချောင်း တိမ်တိုက် တောင်တန်းတွေကြားမှာ | |
| အငြိမ်းချမ်းဆုံးနေရာ တမ်းတရင်းနဲ့ | |
| ငါပြန်ပြီး မရောက်တော့မယ့် ကမ္ဘာ | |
| တမ်းတရင်းနဲ့ |