မျောလွင့်နေတဲ့တိမ် စိတ္တဇဆန်တဲ့ဒီမိုးများ ရွာနေတုန်း… ငါချမ်းလို့တုန် မိုးသည်းတဲ့ညတွေမှာ တမ်းတနေတစ်ညလုံး ချစ်တတ်တဲ့ငါတော့ရူး… မျောလွင့်နေတဲ့တိမ် စိတ္တဇဆန်တဲ့ဒီမိုးများ ရွာနေတုန်း… ငါချမ်းလို့တုန် မိုးသည်းတဲ့ညတွေမှာ တမ်းတနေတစ်ညလုံး ချစ်တတ်တဲ့ငါတော့ရူး… ဝေးခဲ့ပြီ အရိုးဆွေးတဲ့အထိ ငါတို့ပေါင်းကြဖို့ သန္နိဋ္ဌာန်ချထားခဲ့တာပဲ မင်းရင်ခွင်မှာခေါင်းချမလို့ ငါရေးတဲ့အပြာရောင်စာရွက်တွေ အနီရောင်အဖြစ် ပြောင်းသွား ငါတို့ရဲ့အပြာရောင်တိမ်တိုက်တွေ မိုးတွေအဖြစ်နဲ့ရွာချ ငါမျက်လုံးထဲက ရေခဲမြစ်တွေ အရည်တွေပျော်ကုန်ပြီ အရည်တွေပျော်ကုန်ပြီးပါပြီကွာ ဒီဒိုင်ယာရီကိုရေးသား မင်းနဲ့ငါနဲ့ပျော်ရွှင်မြူး နှစ်သစ်ကူးပေါင်း မနည်းပါဘူး အခုရင်မှာ အတွင်းကြေနေတာ အသက်ရှူတာတောင်မဝတော့ဘူး မင်းလိုချင်တဲ့ဂရုစိုက်မှု ငါ့ဘက်ကမပေးနိုင် ယုံကြည်စွာမျှောလင့်ခဲ့ ငါတို့နှစ်ယောက်တော့မဝေးနိုင် ဘာကြောင့်မို့ ကွဲရတာလဲ ငါ့ဦးနှောက်က မတွေးနိုင် ဒီနေ့အထိမမေ့နိုင် ငါလွမ်းဆဲပဲ ယနေ့တိုင် ငါ့အခန်းနံရံပေါ်မှာ မင်းဓာတ်ပုံတွေကပ်ထားဆဲ ငါ့နှလုံးသွေးလည်ပတ်မှုတော့ ဒီနေ့ကစပြီး ရပ်တန့်ခဲ့ အခြေအနေမဲ့ လေနေခဲ့ အပေအတေပဲ ငါကြေကွဲ နေနေဆဲ ကြွေနေဆဲ အသေအကြေပဲ မျောလွင့်နေတဲ့တိမ် စိတ္တဇဆန်တဲ့ဒီမိုးများ ရွာနေတုန်း… ငါချမ်းလို့တုန် မိုးသည်းတဲ့ညတွေမှာ တမ်းတနေတစ်ညလုံး ချစ်တတ်တဲ့ငါတော့ရူး… တိုက်ဆိုင်လိုက်တာများကွာ ဖေဖော်ဝါရီ (၉) ရက် ဆိုးချက်ကရင်နင့်စရာ တောင်ငူကိုသွားခဲ့ ဗလောင်ဆူတဲ့ရင်ခွင်နဲ့ အမှောင်ထူထူဖြတ်ခဲ့ အရောင်တူတူညတွေထဲ မင်းကဘာကို အထင်ကြီးတာလဲ မင်းကဘာကို မက်မောတာလဲ မကြားချင်ရင်လည်း နားပိတ်ထားလိုက် ငါကတော့ ဒါကို ဆက်ပြောမှာပဲ မင်းအပေါင်းအသင်းတွေ လာလာဖြတ်တဲ့ စကားတွေနဲ့တင် ပျာယာခတ်ခဲ့ ဟိုအရင်ကတော့ ဒါဟာအမှတ်တမဲ့ အခုတော့မုန်တိုင်းထဲ ငါဟာရပ်ခဲ့ နားလည်ပေးပါ ပရိသတ်ကြီးရယ် ကျွန်တော်ဒီလောက်ထိချစ်တဲ့ဟာကို အပြစ်မဲ့တာကိုလို့လည်း မပြောချင် မုသာဝါဒကျူးလွန်ခဲ့ နှစ်အချိုးတစ်ဆိုတာ မဟုတ်ဘူး ညာတာ တကယ်ကတစ်အချိုးတစ် ဒါတွေအကုန်လုံး ရှင်းပစ်တဲ့အချိန်ကျတော့ မင်းကငါ့ကို ထားရစ် ချစ်ခဲ့တာလေးနှစ် အပြစ်မဲ့စွာ ဝေးလွင့် အဖြစ်အပျက်တွေ ပြန်လည်တွေးရင်း အိမ်ပြန်ခဲ့ပါတော့ကွာ ငါ့အချစ် တောင်းပန်တယ်ကွာ တစ်လောကလုံးပြောင်းဆန်နေတာပဲ တကယ်ချစ်ခဲ့ပါတယ် ဆိုတာကတော့ လုပ်ဇာတ်မဟုတ်ပါဘူး ပရိသတ်ကြီးရယ် မျောလွင့်နေတဲ့တိမ် စိတ္တဇဆန်တဲ့ဒီမိုးများ ရွာနေတုန်း… ငါချမ်းလို့တုန် မိုးသည်းတဲ့ညတွေမှာ တမ်းတနေတစ်ညလုံး ချစ်တတ်တဲ့ငါတော့ရူး… ၁၉၉၇ ဒီဇင်ဘာလ (၁) ရက် ကောင်းကင်ပြာပြာကြီးရဲ့အောက်မှာ ကျွန်တော့်ချစ်သူကိုစတွေ့ခဲ့ အဲဒီနေ့က မိုးမရွာပါ ဒီဇင်ဘာ (၈) ရက် နှလုံးသားကိုဓာတ်လိုက်ခဲ့ မင်းကိုချစ်ခဲ့ ဖေဖော်ဝါရီ(၁၄)ရက် သူပေးတဲ့လက်စွပ်မောင်းကွင်းလေးကို လည်ပင်းမှာအခုထိ ဆွဲထားခဲ့ ဘယ်တော့မှ မချွတ်ချင်ခဲ့ ဧပြီ (၁၀)ရက် ကျွန်တော့်မွေးနေ့ ဘုရားသွားတယ် အိုအို အရူးအမူးပဲ မေလ (၂၃) ဘဝတစ်သက်စာ လက်တွဲရမယ့်သူလို့ လေထဲတိုက် အိမ်ဆောက်ခဲ့ဖူးတာပဲ ပျော်မြူးခဲ့ တစ်ညလုံးမအိပ်ဘဲ ဖုန်းပြောခဲ့ တစ်ဘဝလုံး ဆိတ်သုဉ်းရှုံးရောပဲ ပေးလိုက်ရတာ နှလုံးသားနဲ့ ပြန်ရလိုက်တာ အမုန်းများပဲ အောက်တိုဘာ (၁၆) ရက် အတူကြည်နူးတဲ့ရက်တွေရှိသလို ပြဿနာတွေလည်းတက်တက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ သူ ကျွန်တော့်ကိုရက်စက် ဖေဖော်ဝါရီ (၉) ရက် အချစ်တစ်ခုကွဲပျက် အချစ်တစ်ခုကွဲပျက် မျောလွင့်နေတဲ့တိမ် စိတ္တဇဆန်တဲ့ဒီမိုးများ ရွာနေတုန်း… ငါချမ်းလို့တုန် မိုးသည်းတဲ့ညတွေမှာ တမ်းတနေတစ်ညလုံး ချစ်တတ်တဲ့ငါတော့ရူး… မိုးတွေရွာတုန်းမှာ နားခိုစရာဟာ တကယ်မဲ့လို့ ငါတစ်ယောက်တည်း လျှောက်တယ် လမ်းများဟာ မှားယွင်းတဲ့လမ်းပေါ်မှာ သွားတုန်းမှာ ငါပျော်ခဲ့ ရုန်းထွက်ဖို့ တကယ်ခက်ခဲ လွဲမှားတဲ့ဘဝကြီးကို သိခဲ့ရနောက်မှာလေ အမှားများပြန်ပြင်တုန်းမှာ အားလုံးနဲ့ ငါကဝေး ကျွန်တော့်ကိုသနားလို့တဲ့ တိမ်တွေတောင်ငိုချလိုက်တယ် မိုးကိုသည်းရော